ဒီရေ... ဒီနေ့ အိမ်ကို အရမ်း သတိရမိတယ်... အော်....ဘာလိုလိုနဲ့ ဒီရေ အားလုံးနဲ့ ခွဲခွာခဲ့တာ အခုဆိုရင် ၃နှစ်တောင် ပြည့်တော့မှာပါလား.... သူနဲ့သာဆိုရင်တော့ (၇)နှစ်လောက်တော့ ရှိပါပြီ....နှင်းတွေကျတယ့် ညလေး တစ်ညကို ဒီရေ အခုချိန်ထိ ရင်ထဲမှာ စွဲနစ်အောင် အမှတ်ရမိဆဲပါ...
အခုလို ဒီဇင်ဘာ တစ်ညမှာပေါ့.... ဒီရေ သူငယ်ချင်းတွေ အားလုံးနဲ့ အတူ ခရီးတစ်ခု ထွက်ဖြစ်ခဲ့ပါတယ်... သင်တန်းတစ်ခု ပြီးဆုံးတဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ဆရာအပါအ၀င် ချစ်ခင်ရတယ့် ဒီရေ့ သူငယ်ချင်းတွေနဲ့အတူ ပျော်စရာကောင်းတယ့် ခရီးလေး တစ်ခု စတင်ခဲ့ပါတယ်.... မှတ်မှတ်ရရပါ.... ရင်ထဲမှာ အခုချိန်ထိ အသက်ဝင်နေဆဲပါ...
အင်း....ဒီရေတို့ သင်တန်း ပြီးမြောက်ခြင်း အထိမ်းအမှတ် အခမ်းအနားနှင့်ဆုပေးပွဲလေးကို ဒီနေ့ပျော်ပျော် ရွှင်ရွှင် တက်ခဲ့ရတယ်... အားလုံးနဲ့ ခွဲခွာရတော့မယ် ဆိုတော့ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြ...တစ်ချို့ ခရီးထွက်ဖို့ မလိုက်နိုင်တယ့် သူတွေကလည်း စိတ်မကောင်းစွာနဲ့ ငိုကြ... တစ်ချို့တွေကလည်း အားလုံး အတူ သောင်းကျန်းရတော့မယ်ဆိုပြီး ကဲကြ...အော်ကြ...ဟစ်ကြ...ကခုန်ကြပေါ့.... ဒီလိုနဲ့ ကိုယ်စီ ကိုယ်စီ အလုပ်တွေမှ ရှုပ်မှ ရှုပ်ပဲ....
ဒီအုပ်စုတွေအားလုံးမှာ ဒီရေတို့ သူငယ်ချင်းတွေက အကဲဆုံးပါ...မိန်းကလေးများပီပီ...ဒီရေက ခေါင်းဆောင်ပြီး ဂစ်တာတီးကြ...သီချင်းဆိုကြ...အထုပ်လေးတွေ ကိုယ်စီပိုက်ပြီး အတန်းထဲမှာ ပျော်မြူးစွာ သောင်းကျန်းနေကြပါတယ်.... ဒီအချိန်မှာ အခန်းထောင့် တစ်နေရာကနေ ဒီရေ့ကို ပြုံးပြီး ကြည့်နေသူကို လုံးဝကို သတိမထားခဲ့မိပါဘူး...ဘာလို့လဲဆိုတော့ ဒီရေက တတန်းလုံးမှာ အသောင်းကျန်းဆုံးလေ...ပြီးတော့ မိုက်ကန်းကန်းနဲ့ ကိုယ့်သူငယ်ချင်းကလွဲရင် ဘယ်သူ့ကိုမှ ရှိတယ်လို့ကို စိတ်ထဲမှာ မထင်ခဲ့သူလေ... (အဟဲ...ဒါပေမယ့် ဒီရေတို့ တစ်အုပ်လုံးက စာအရမ်းတော်ကြတယ်...ဆိုတော့ ဆရာ-ဆရာမတွေလည်း အမြင်ကပ်ကပ်နဲ့ကို ချစ်ပြနေရတော့တာပဲလေ...ဟားဟား)
အဲ...ဒါနဲ့ အဲဒီသူက ဒီရေတို့ အတန်းထဲမှာ အချောဆုံးနဲ့ စာတော်တဲ့ အိုက်တင်တခွဲသားကြီးနဲ့ King ပေါ့ရှင်... ကျွန်မအတွက် သူက ကျွန်မကို ကြည့်တယ်ဆိုတာ အိပ်မက်ထဲတောင် မမက်ဖူးခဲ့တာပါ...ကျွန်မက ရုပ်ကလည်း ချောမှ မချောတာကိုးရှင့်... အော် ဒါနဲ့ သူ့ကို ကျွန်မတို့ တစ်အုပ်စုလုံးက ကျွန်မတို့ အတန်းထဲက ဂျပန်မလေးနဲ့ တူတဲ့ ကောင်မလေးရယ်...ကျွန်မတို့ အတန်းထဲက Queen မကြီးရယ်နဲ့ အမြဲတမ်း တိတ်တိတ်လေး စနေကြပေါ့ရှင်...
အင်း....အဲဒီလူကြီးကလေ ကျွန်မတို့ အုပ်စု အနားကို တဖြေးဖြေး တိုးတိုးလာပြီး...ကျွန်မတို့ကို အတင်းကာရောကို လာရယ်ပြ-လာရောတော့တာပဲ...Blind ချည်းပေါ့... ကျွန်မတို့လည်း အူကြောင်ကြောင် ဖြစ်သွားပေမယ့်...အော် သူလည်း သင်တန်းပြီးတော့မယ် ဆိုတော့ ပျော်ချင်လို့ပဲလို့ ထင်ပြီး စကားစမြည်ပြောခဲ့ကြတယ်....အဲဒီလူကြီးက တစ်အုပ်စုလုံးထဲကမှ ကျွန်မ တစ်ယောက်တည်းကို တဖြေးဖြေး သိသိသာသာကို ကပ်ကပ်ပြီး စကားပြောတယ်....အနားမှာ နေတယ်... "ခရီးသွားရမှာဆိုတော့ ပျော်လားဟင်လို့လည်း မေးတယ်... ပြီးတော့ မင်းက အရမ်း ခင်စရာကောင်းတယ်တဲ့..." ပြီးတော့ ကျွန်မ ဂစ်တာတီးပြီး သီချင်းဆိုတာကို ပြုံးပြုံးကြီးနဲ့ကို မေးထောက်ပြီး နားထောင်နေတယ်လေ... အော် ကျွန်မလည်း ဒီလူကြီး တစ်ခုခုတော့မှားနေပြီ ထင်တယ်လို့ ထင်နေပေမယ့် အဲဒီလူကြီးက ကျွန်မတို့ ခရီးထွက်ဖို့ ကားကြီးတွေ မရောက်ခင်အချိန်ထိကို တစ်နေ့လုံး ကျွန်မအနားကနေကို မခွာပါဘူး...သူ့ပုံက အရမ်းမှ အရမ်းကို ပျော်နေတယ့် ပုံပဲ...
ဒါနဲ့ ကျွန်မတို့ အုပ်စုလည်း နဂိုတည်းက ရွှတ်နောက်နောက်ဆိုတော့ နောက်ပြောင်ပြီးတော့ ကျွန်မကို သီချင်းတစ်ပုဒ်ဆိုဖို့ သူငယ်ချင်းတွေက မြှောက်ပေးကြတယ်လေ... အဲဒီတုန်းက ကဗျာဘွဲ့မှူးရဲ့ "ရှင်နဲ့ ကျွန်မ" က ခေတ်စားနေတုန်းပေါ့... ဒါနဲ့ ကျွန်မလည်း မျက်နှာ ပြောင်ပြောင်နဲ့ပဲ အဲဒီလူကြီးရှေ့မှာ "ရှင်နဲ့ ကျွန်မ" သီချင်းကို ဟစ်တော့တာပဲဗျို့.... လူကြီးကလေ....ပီတိတွေဖြာပြီး ပြုံးနေလေရဲ့ တော်ရေ... ဟီး ဟီး ကျွန်မတို့ အုပ်စုလည်း အောင်မြင်ပြီဆိုတဲ့ အကြည့် ကိုယ်စီနဲ့ ဆက်လက် ချီတက်ခဲ့ပါတယ်...အသားကုန်ကို ဟစ်ခဲ့ကြတာ
ဒီလိုနဲ့ပဲ... ကျွန်မတို့ ခရီးစတင်ဖို့ အတွက် ကားတွေလည်း ရောက်ပြီ... ကျွန်မဖေဖေကလည်း ကျွန်မအတွက် ခရီးဆောင်အိတ်လေး လာပို့ပြီး ဆရာ့ကို သေချာ အပ်ရှာတယ်... ဟုတ်တယ်လေ ကျွန်မက အဲဒီအချိန်ကမှ ပထမဆုံး မိဘနဲ့ ခွဲပြီး ခရီး စထွက်ဖြစ်တာကိုးရှင့်... အဲဒီတုန်းကလည်း အဲဒီလူကြီးက ကျွန်မဖေဖေကို လူကြီးနေရာကနေပြီး တာဝန်ယူပါတယ်..စိတ်ချပါဆိုပြီး ကျွန်မတို့ အတန်းခေါင်းဆောင် အကိုကြီးနဲ့အတူ ဖေဖေ့ကို စိတ်မပူဖို့ ပြောနေတာမှ ကျွန်မသာဆို သူ့နေရာမှာ အမောဖောက်လောက်တယ်.... ဟိ ဟိ
ဒီလိုနဲ့ပဲ ကျွန်မတို့ တစ်တန်းလုံးချောင်းသာကို ခရီးထွက်ခဲ့ကြပါတယ်... ကျွန်မတို့ တစ်ကားလုံး ဆူညံပြီးသောင်းကျန်းတာမှလေ...ဆရာဆို နားတောင် ပိတ်ထားရတယ်... စဉ်းစားကြည့်ကြလေ... ဘယ်လောက်ဆိုးလဲဆိုတာ... ဒါနဲ့ ခရီး နည်းနည်းလောက် ရောက်လာရော... ရွှေကိုယ်တော်ချောက ဇာတ်လမ်းတစ်ခု စပါတော့တယ်ရှင်... ဘယ်လို ကျွန်မသူငယ်ချင်းကို ပေါင်းလိုက်လဲမသိဘူး... ကျွန်မသူငယ်ချင်းက အလိုလို အနောက်ခုံကို ရွှေ့သွားပြီး ဒင်းကြီးက ကျွန်မဘေးမှာ လာထိုင်တယ်လေ... ပြီးတော့ သူနဲ့ ကျွန်မ သိပ်ကို ရင်းနှီးတယ့် ပုံစံကို ဖမ်းလိုက်တာ... ကျွန်မဖြင့် အံ့ကို သြရောပဲ... ဒါနဲ့ ထမင်းတွေစားကြ... စကားတွေ ပြောကြ... သီချင်းတွေဆိုကြ... ပြီးတော့ ကျွန်မနဲ့ ကိုယ်တော်ချောကို အားလုံးက တအံ့တသြနဲ့ကို ၀မ်းသာပြီးကို ပေးစားကြတယ်လေ... ကျွန်မဖြင့် ရှက်လိုက်တာ လွန်ပါရော...ဒါပေမယ့်တော့ စိတ်ထဲနေ အကျေနပ်ကြီးကို ကျေနပ်နေတာပေါ့ရှင်... ဘာလို့လဲဆိုတော့ ကျွန်မက ရည်းစားဆို ချောမှ ထားချင်တာကိုး (ဟီး ဟီး ကျွန်မကမှ မချောတာ.... အဲဒီတော့ ချောတဲ့ ကောင်လေး လိုချင်တာပေါ့ရှင်)...
ဒါနဲ့ ကျွန်မလည်း သူ့ကို လမ်းတစ်လျှောက်လုံးလည်း စကားလေးတွေ ပြန်ပြောမိလာတယ်.... ကဲ အခုတော့... ပုသိမ်ရောက်ပါပြီ...အဲဒျီတုန်းက အခုလိုမဟုတ်ဘူးလေ...ဇက်နဲ့ ကူးရတုန်းပဲ... ဒါနဲ့ ကျွန်မတို့ အုပ်စုလည်း ဓာတ်ပုံတွေ ရိုက်ကြ.... စကြ နောက်ကြ ပြောင်ကြနဲ့ ပျော်လာလိုက်တာ.... ညမှောင်သွားလို့ မှောင်သွားမှန်းတောင် မသိလိုက်မိပါဘူး...
ဒီလိုနဲ့ပဲ တောင်ကုန်းလေးနားကို ရောက်လာလေ... အအေးဓာတ်က ပိုလာလေပဲပေါ့ရှင်... ဒီဇင်ဘာညဆိုတော့... သိသိသာသာကို အေးစိမ့်လာတယ်... အဲဒါလေးကပဲ ကျွန်မနဲ့ သူ့အတွက် မမေ့နိုင်တဲ့ ဇာတ်လမ်းလေး တစ်ခု ဖြစ်ခဲ့ပါတယ်ရှင်... ဘာလို့လည်းဆိုတော့..
ကျွန်မက ညနေတည်းက အနွေးထည် မထုတ်မိတာ...သူကတော့ အနွေးထည် ထုတ်ထားလိုက်တော့ ၀တ်တောင် ၀တ်ထားပြီးပြီလေ... ဒါနဲ့ တုန်နေအောင် ချမ်းနေတယ့် ကျွန်မကို သူက "အနွေးထည် ၀တ်မလားတဲ့.." ကျွန်မငြင်းလိုက်မိတယ်... ဒါနဲ့ ကျွန်မကိုသူက "အအေးမိလိမ့်မယ်... လာပါတယ့် ၀တ်ထားလိုက်ပါတဲ့..." ကျွန်မလည်း အတင်းကို ငြင်းတာပေါ့... ဒီလိုနဲ့ သူက နောက်ဆုံး လက်လျှော့လိုက်တယ်... ပြီးတော့ ညကလည်း မှောင်နေတော့ ကျွန်မကို သူက သူ့လက်ကို အတွင်း ဂျာကင်ထဲမှာ ထည့်ပြီး ပိုက်ထားတယ်တဲ့... ကျွန်မလက်လေးတွေကို သူ့ ဂျာကင်ရဲ့ အိပ်ကပ်လေးထဲကို ထည့်ပြီး မှီလိုက်ခဲ့ပါတဲ့... အဲဒါတော့ မငြင်းနဲ့တော့ကွာတဲ့... ကျွန်မလည်း တကယ့်ကို အေးတယ့် ဒဏ်ကို မခံနိုင်တော့တာမို့...ညကလည်း အရမ်းမှောင်နေတော့..အင်္ကျီလည်း ထုတ်မရတော့တဲ့အတွက် သူပြောတယ့်အတိုင်း လုပ်လိုက်မိတယ်... အဲဒီမှာ စတာပဲ... ဇာတ်လမ်းက..
ကျွန်မရင်တွေ ခုန်နေတာလေ... ပြောမပြတတ်အောင်ပါပဲ... ဘာလို့လည်းဆိုတော့ ကျွန်မအတွက် သူက ပထမဆုံး ကျွန်မ ရင်ခုန်အောင် လုပ်တယ့် သူကိုး... ကျွန်မက သူ့ရင်ငွေ့ကို ပထမဆုံး ခံစားလိုက်ရတယ်..သူ့အတွက်တော့ ကျွန်မရဲ့ လက်လေးတွေကို ပထမဆုံး ထိတွေ့ပြီး အမှောင်ထုရဲ့ ဖိစီးမိက ကျွန်မတို့ ရင်ခုန်သံတွေကို ပိုအောင် တွန်းအားပေးနေတယ်... သူလည်း ရင်တွေ အရမ်းကို ခုန်နေတယ်... အားလုံးလည်း အိပ်နေကြပြီ... အပြင်မှာလည်း အရမ်းကို မှောင်နေတယ်... သူငယ်ချင်းတွေဆို အိပ်နေတာမှ သိုးနေတာပဲ... ကျွန်မတို့ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် နူးညံ့စွာ ကြည့်မိတယ်... ကျွန်မကို သူက မင်းက ကျွန်တော့် အတွက်တော့ ပထမဆုံး ရင်ခုန်စေတယ့် မိန်းကလေးပါတယ့်... ကလေးလေးလို မင်းက အပြစ်ကင်းနေတယ့် မင်းကို ငါ အနွေးဓာတ်ပေးရတာ ကျေနပ်မိတယ်တဲ့... ကျွန်မလည်း သူ့ကို ပြုံးပြီး ငေးနေမိလိုက်တယ်... တကယ့်ကို ရင်ခုန်စရာကောင်းလိုက်တာ... ဘယ်တုန်းကမှ ကျွန်မ အဲလို မဖြစ်ဖူးဘူး...
ဒီလိုနဲ့ ကျွန်မတို့ ကြည်နူးမိမှန်း မသိ ကြည်နူးနေချိန်မှာပဲ ကားမောင်းသမားကြီးပေါ့....ကားကို ရုတ်တရက် ရပ်လိုက်ပြီး ကဲ...အားလုံးပဲ ဒီမှာ ခဏရပ်ပြီး ပင်လယ်အရသာကို ခံစားကြမယ်တဲ့.... ကြည့်စမ်းပါအုံးရှင် ဘယ်လောက် အသည်းယားစရာ ကောင်းလိုက်လဲလို့... ဒါန့ ကျွန်မတို့နှစ်ယောက်လည်း အလျှင်အမြန်ကို ပုံမှန်ဖြစ်အောင် နေလိုက်ကြတယ်...တော်ကြာ ကျွန်မ ယောင်းရင်းတွေ နိုးလာရင် မလွယ်ဘူးလေ... ဒါနဲ့ ကျွန်မကပဲ စပြီး အားလုံးကို နှိုးပြီး အောက်ကို ဆင်းပြီး လျှမ်းမြင်နေရတယ့် တောင်ပေါ်ကနေ ပင်လယ် ရှိုက်သံတွေကို ကြည်နူးစွာ ခံစားကြပါတယ်... အကုန်လုံးလည်း အရောက်ချင်ဆုံး ချောင်းသာကို ရောက်ပြီဆိုတော့ ပျော်ပြီးတော့ ပြန်အိပ်လို့ကို မရတော့ပါဘူး....
ဒီလိုနဲ့ သိပ်မကြာလိုက်ဘူး... ကျွန်မတို့ နေရမယ့် အဆောင်ကို ကိုယ်စီကိုယ်စီ နေရာ ယူကြပါတော့တယ်... အားလုံးလည်း ပင်ပန်းနေပေမယ့် တင်းထားကြတယ့် ကဲမယ်ဆိုတယ့် အားတွေနဲ့အတူ ပင်လယ်ကြီးဆီကို အပြေးအလွှားကို နှုတ်ဆက်ကြပါတော့တယ်... အရေးထဲ ကျွန်မတို့ အတန်းထဲက ကျွန်မတို့နဲ့ ခင်တယ့် ယောကျာ်းလေးတွေက ဘီယာကို သောက်ဖို့အရေး လုံးပမ်းကြပါတော့တယ်...
ဖြစ်ချင်တော့ ကျွန်မတို့ အခန်းနဲ့ သူ့အခန်းက ဘေးချင်းကပ်လေ... ဟိ ဟိ... ချောင်းသာက ဘန်ဂလိုတွေ အကြောင်း သိတယ်မလား... အကုန်ကြားရ.... ချောင်းစရာမလိုအောင် လွယ်ကူစွာတွေ့နိုင်တယ့် အပေါက်လေးတွေနဲ့ ဆိုတော့ ဟန်ကျတာပဲ...ဆိုးတာကတော့ သူက ဆရာရယ်... အတန်းခေါင်းဆောင် အကိုကြီးရယ်နဲ့ အတူတူ နေတယ်လေ... သွားပါပြီ... ကျွန်မတို့တော့ ကဲချင်တိုင်း ကဲမရတော့ဘူးတော့ ရှင်...
ဒီလိုနဲ့ ကျွန်မတို့ သူငယ်ချင်းတစ်စု မနက်ဖန် မနက်အတွက် အားတွေမွေးပြီး အိပ်မောကြခဲ့ပါတယ်... ဒီလိုနဲ့ ကျွန်မတို့ နောက်နေ့တွေလည်းကျရော... ပင်လယ်ကြီးထဲမှာ ကဲချင်တိုင်းကဲကြ... ဆော့ချင်တိုင်းဆော့ကြပေါ့... ဒီလို ကဲနေရင်းနဲ့ ကျွန်မလည်း ကျွန်မလူကြီးကို သတိရမိပါတော့တယ်... ဒါနဲ့ သူငယ်ချင်းတွေက ဟဲ့... နင့်လူ ဂျိုကာကြီးလည်း မတွေ့ပါလားတဲ့... ကျွန်မလည်း သူ့ကို အပြေးအလွှား ရှာကြည့်မိပါတော့တယ်... ဒီမှာပဲ ကိုယ်တော်က ကျွန်မတို့ ဆော့နေတယ့် နေရာရဲ့ မလှမ်းမကမ်းက ခုံလေးမှာ ဂျာကင်အနီလေးနဲ့ ကျွန်မတို့ကို ငေးနေတယ်လေ... ပြီးတော့ ကျွန်မ ရှာနေမှန်းသိတယ်ထင်တယ်... ကျွန်မကို လှမ်းရယ်ပြတယ်... ကျွန်မ အရမ်းကို ရှက်သွားမိတယ်... လူမိသွားတာကိုး... ခွိ ခွိ... ကုန်ပါပြီရှင် ကျွန်မတော့ အရှက်တွေ ကုန်ပါပြီ...
ဒါနဲ့ ကျွန်မလည်း မသိချင်ယောင်ဆောင်ပြီး ဆက်ဆော့နေလိုက်တယ်...ဒီလိုနဲ့ ကျွန်မတို့ မနက်ဖန်ဆိုရင် ပြန်ရတော့မယ်.... ညကျရင် မီးပုံပွဲလေးကို ဆရာက လုပ်ပေးမယ်တယ့်... ပြီးတော့ parcel game လည်း ကစားမယ်တဲ့... အဲလိုနဲ့ ညရောက်တော့ ကျွန်မ အတန်းဖော်တွေကစားနေကြတယ်... တစ်ချို့တွေကလည်း မျောက်က ကပြရ... ခွေးလို တူအောင် ၁၀ ခါ ဟောင်ပြရ... တစ်ချို့ကလည်း စုံနေအောင် ရယ်ရတယ်ရှင်... ကျွန်မတို့တစ်ဖွဲ့လုံးကတော့ အဲဒီ ညက ဘီယာတွေ ခိုးသောက်ကြတယ်လေ...အားလုံး အတုံးတုံးကို လဲတော့တာပဲ.... ဆရာမသိအောင် သောက်ရတာဆိုတော့ ပိုဆိုးတာပေါ့.... ကျွန်မက ခေါင်းဆောင်လေ... ဆရာကြီးပေါ့...ဟိ ဟိ ကျွန်မက သိပ်မှ မသောက်တာကိုး... ကျွန်မ သူငယ်ချင်းတွေကဆို ရယ်ရတာမှ အူကို လှိမ့်နေတာပဲ ကျွန်မတစ်ယောက်တည်း... ဟီး ဟီး တစ်ယောက်ကဆို လက်အုပ်ကြီးချီပြီး အိပ်ယာထဲမှာ အကြိမ် ကြိမ် ဘယ်သူမှန်းမသိတယ့် သူကို လှိမ့်ပြီး တောင်းပန်နေရှာတယ်...ပြီးတော့လည်း ရယ်လို့ပေါ့... (for Ei) နောက်တစ်ယောက်ကတော့ မျက်ရည်တွေနဲ့ လောကကြီး ကို မုန်းတယ်.... အားလုံးကို မုန်းတယ်.... ကျုပ်ကို ဘယ်သူကမှ မချစ်ကြဘူး... ဟီး ဟီး ဟီး ဆိုပြီး ငိုလိုက် ရယ်လိုက်နဲ့ ရှုပ်နေတော့တာပဲ.... (for my sweet thaznini) အဲဒါကို ကျွန်မတစ်ယောက် အူလှိမ့်အောင် ကြိတ်ရယ်နေရတယ်... ဆရာတို့ သိမှာလည်း ဆိုးတာကိုး... ပြီးတော့ နောက်ကျန်တယ့် တစ်ယောက်က အဲဒီနှစ်ယောက်နဲ့ ကျွန်မ အပါအ၀င်ကို သူက ဟန်ကြီးလုပ်ပြီး မငိုကြနဲ့ ဆိုပြီး သူ့ခမျာ ၁ပေခွဲမကျော်တယ့် ကုတင်ကို ဆယ်ခါလောက်ကို ကုန်းတက်နေရှာတယ်...(for alinkar) ဟာသတွေ အပြည့်နဲ့ ကျွန်မသူငယ်ချင်းတွေအဖြစ်ကို ကျွန်မကလွဲရင် ဘယ်သူတွေများ သိနိုင်မှာလဲ... ကျွန်မလေ ဇြစ်နိုင်ရင် အော်ပြီးသာ ရယ်ချင်တော့တယ်.... ဒီလိုနဲ့ ကံဆိုးစွာနဲ့ပဲ ဆရာက တံခါးလာခေါက်တယ်... ကလေးတွေ ထွက်ခဲ့လေ... ဂိမ်း ကစားမယ်တဲ့... ကျွန်မလည်း အလျင်အမြန် ဟုတ်ကဲ့ပါ ဆရာ ဆိုပြီး ထူးလိုက်ရတယ်... သုံးကောင်လုံး အတုံးအရုန်းနဲ့ မထနိုင်တော့တယ့် အတွက် ကျွန်မကပဲ ခပ်တည်တည်နဲ့ မူးဝေေ၀ ဖြစ်နေတယ့် ကျွန်မ အမြင်တွေကို တည့်အောင် ထိန်းပြီး အခန်းပြင်ထွက်... ဟန်ဆောင် ဂိမ်းဆော့ရတော့တယ်...
အဲဒီအချိန်မှာ သူက မျက်ဒေါင့်နီနီကြီးနဲ့ ကျွန်မကို ကြည့်နေတာတော့ ခံစားလိုက်မိတယ်.... ဒီလိုနဲ့ ပါဆယ်ထုပ်လေး သူ့လက်ထဲ အရောက်မှာ သီချင်းသံလေး ရပ်သွားတယ်... ဒါဆို သူ့အလှည့်ပေါ့နော်... မဲနှိုက်လိုက်ပါပြီ... ချစ်တယ့်သူရဲ့ ပါးလေးကို နှစ်နှစ်ကာကာ နမ်းပြပါတယ့်.... ဟယ်တော့ အဲဒါမှ ဂွပဲ.... ကျွန်မတော့ အရှက်ကွဲပြီရှင်.... ဂျိုကာကြီး ခြေလှမ်းတွေက ကျွန်မဆီကို ဦးတည်နေပါတယ်.... ကျွန်မ ရင်တွေ ခုန်တာ မြန်လာတယ်...ဘယ်လို လုပ်ရမလဲ.... သေချာတာပေါ့ရှင် သူက ကျွန်မလက်လေးကို ဆွဲပြီး ကျွန်တော့်ကို ခွင့်ပြုပါတယ့်.... အားလုံးရဲ့ ညာသံပေးတယ့် ဟေး.... ဟေး... ဟေး ဆိုတယ့် အသံတွေကလည်း ကျွန်မ တစ်ကိုယ်လုံးကို ထူပူစေပါတယ်... ဒီအချိန်မှာပဲ....သူက လှစ်ခနဲ ထွက်သွားပြီး အောက်ကို ပြေးဆင်းသွားတယ်...အားလုံးလည်း ပါးစပ်အဟောင်းသားလေးတွေနဲ့ အံ့သြစွာ မင်သက်စွာ ငြိမ်သွားကြတယ်... တစ်ခဏအတွင်းမှာပဲ ဂျိုကာတစ်ယောက်... သစ်ရွက်လေး တစ်ခုကို ကိုင်ပြီး အပြေးပြန်လာပါတယ်... ပြီးတော့ ကျွန်မရဲ့ ပါးလေးပေါ်ကို သစ်ရွက်လေး တင်ပြီး ညင်ညင်သာသာနဲ့ ရှိုက်နမ်းလိုက်ပါတယ်.... ကျွန်မလေ ဘယ်လို နေရမလဲတောင် မသိဘူး... လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်... ကျွန်မကို ဂျိုကာတစ်ယောက်.... ကလေးရယ်... မင်းကို အရမ်း ချစ်တယ်ကွာတဲ့.... ကျွန်တော့်ကို မနက်ဖန် မခွဲရခင် အဖြေပေးပါနော်တဲ့... နှစ်ကိုယ်သာ ကြားစေမယ့် အသံလေးနဲ့ ကျွန်မ ရင်ခုန်သံတွေကို ရပ်တန့်အောင် လုပ်ခဲ့တယ်.... ပြီးတော့ ရုတ်တရက် သူငယ်ချင်းအားလုံးနဲ့ အတူ မင်သက်နေတယ့် ဆရာအပါအ၀င် သူကိုယ်တိုင်ကပါ ဟေး ဆိုပြီး လက်ခုပ်တွေ တီးပြီး ရွှီ ရွှီ အသံတွေကြောင့် ကျွန်မ အသက် ပြန်ဝင်ခဲ့ရတယ်.... သတိ ရရချင်းပဲ... ကျွန်မ အခန်းထဲကို ပြေးဝင်ခဲ့မိတယ်.... ဂျိုကာရော...ဆရာရော...အားလုံးက ကျွန်မကို အတင်း တံခါးခေါက်ခေါ်ကြတယ်... ကျွန်မလည်း အားကလည်းနာ...ရှက်ကလည်း ရှက်ဆိုတော့ ပြီးပြီးရောနဲ့ကို ဖြေလိုက်မိတယ်.... သမီး ဘာမှ မဖြစ်ပါဘူးဆရာ... သမီး ခေါင်းမူးနေလို့ပါ... သမီးကို အိပ်ခွင့်ပေးပါဆိုပြီး ပြန်ဖြေလိုက်မိတယ်... ဒါနဲ့ ဆရာလည်း ကြားကနေ တောင်းပန်ပြီး ကျွန်မကို အိပ်ခွင့် ပေးလိုက်တယ်....
ဒီလိုနဲ့ တစ်ညလုံး ကျွန်မ အိပ်လို့ကို မရခဲ့ပါဘူး....ကျွန်မရဲ့ အားကိုးလောက်တယ့် သူငယ်ချင်းမလေး ၃ ယောက်ကတော့ မူးပြီး မှောက်...အိပ်နေတာမှကို သိုးနေတာပဲရှင်... ရင်ဖွင့်စရာ မရှိတယ့် ကျွန်မရဲ့ ပထမဦးဆုံး အတွေ့ အကြုံလေးက ကျွန်မ အသက်သေတယ့် အထိ မမေ့နိုင်တော့တာကို ကျွန်မ တစ်ယောက်ကလွဲရင် ဘယ်သူမှ မသိနိုင်ပါဘူးရှင်..... သေချာတာ တစ်ခုကတော့ ဦးဂျိုကာကြီးက ကျွန်မရင်အစုံကို ကိုင်လှုပ်လိုက်တာပဲ... မချစ်ဖူးသေးတယ့် ကျွန်မ နှလုံးသားကို သိမ်းပိုက်မှန်းမသိ သိမ်းပိုက်လိုက်ပါတော့တယ်... ကျွန်မသူ့ကို မချစ်ဖူးသေးတယ့် အချစ်ရဲ့ ရင်ခုန်သံနဲ့အတူ တပ်မက်မိတယ်... ရူးသွပ်မိတယ်.. ကျွန်မ မနက်ဖန် ထပ်ရင်ဆိုင်ရအုံးမယ်... မနက်ဖန် သူက ကျွန်မဆီက အဖြေကို လိုချင်တယ်တဲ့လေ... ကျွန်မ ဘာလုပ်ရမလဲ... အရမ်း မြန်မှန်းသိပေမယ့် ကျွန်မ သူ့လိုလူတစ်ယောက်ကိုတော့ ပိုင်ဆိုင်ချင်တယ်....
ဒီလိုနဲ့ မနက်ရောက်လာခဲ့ပါပြီ.... ကျွန်မ သူငယ်ချင်း ငမူးလေးသုံးကောင်လည်း နိုးလာပါပြီ... အရာအားလုံးကို ကျွန်မ ပြောပြလိုက်တော့ အားလုံးလည်း ပျော်ရမလား ၀မ်းနည်းရမလား မဝေခွဲနိုင်တော့ဘူးလေ... ဘာလို့လည်း ကျွန်မတို့ အားလုံး ကိုယ့် နေရာကို ကိုယ်ပြန်၇တော့မှာကိုး.... ပြန်ပဲ တွေ့ရမလား.... အပြီးတိုင် လမ်းခွဲရမလား မသိတော့တယ့် ကျွန်မ အဖြစ်ပါ....
သူ.... ကျွန်မဆီကို ဖြည်းညင်းစွာနဲ့ လျှောက်လာနေတယ်... ကျွန်မ သူ့ကို ရင်မဆိုင်ချင်ဘူး... ကျွန်မ အရမ်းလိုချင်တယ့်သူကို ကျွန်မ တကယ်ပိုင်ရတော့မယ်ဆိုတာ သိနေပေမယ့်လည်း...ကံတရားကြောင့် ကျွန်မတို့ မကြာခင် ခွဲခွာရတော့မယ်လေ... ကျွန်မ အဖြစ်ကို ၀င်ကြည့်ကြပါရှင်....ကျွန်မ ဘယ်လိုလုပ်ရပါ့မလဲ...
ဂျိုကာတစ်ယောက် ပျော်၇ွှင်နေတယ့် မျက်နှာလေးနဲ့ ကျွန်မအနားကို ရောက်ပါပြီ.... ကျွန်မကို "morning ပါတဲ့။ ညက စိတ်ကျဉ်းကျပ်အောင် လုပ်မိတာ ခွင့်လွှတ်ပါတဲ့... ကိုယ်မင်းကို တကယ်ချစ်လို့ပါတဲ့... ကိုယ့်ကို တစ်ခုခု ပြန်ပြောပါအုံးတဲ့..." ကျွန်မ ရင်ထဲမှာ ငိုချင်သလိုလို... အတိုင်းမသိ ပျော်သလိုလို...ခံစားရတယ်... ကျွန်မ သူ့မျက်နှာလေးကို ကြည့်ပြီး.... အတန်ငယ် ငေးငှိုင်နေမိတယ်... ပြီးတော့မှ အသက် ၀င်လာသလိုပဲ ခံစားလိုက်ရတယ်... ကျွန်မ ရှင်ကြီးကို စိတ်မဆိုးပါဘူးလို့.... ကျွန်မ ရှင့်ကို ....!!! ကျွန်မ ပါးစပ်က ထပ်ပြီး မထွက်လာတော့ဘူးကွာ.... ဆက်ပြောချင်တယ်... အဲဒီ အချိန်မှာပဲ သူက
ကျွန်မကို "ဆက်ပြောလေတဲ့...ကိုယ့်ကို ချစ်လား...မချစ်နိုင်ဘူးလားတဲ့..."
ကျွန်မခေါင်းတွေ မူးဝေလာတယ်... ကျွန်မ ရင်ထဲမှာ ရှုပ်ယှက်ခတ်သွားတယ်... တကယ်တမ်းတော့ ကျွန်မ ရှင့်ကို ချစ်နိုင်ပါတယ်ပေါ့ရှင်... ဒါပေမယ့် ကျွန်မတို့ ဘ၀က ခရီးလမ်းဆုံးတာနဲ့ ကိုယ့်အိမ်ကို ကိုယ်ပြန်ရတော့မှာလေ... ဘယ်လိုလုပ် ကျွန်မ သူ့ကို ဝေဒနာတွေ ပေးနိုင်မှာလဲ...
ဒါပေမယ့် ကျွန်မ သူ့ကို တစ်ခုတော့ ပြောခဲ့တယ်... ကျွန်မ ရှင့်ကို မမုန်းပါဘူး။ ရင်ထဲမှာ အမြဲတမ်း သတိရနေပါ့မယ်... ကျွန်မတို့ တစ်သက်စာအတွက် မမေ့ကြေးလို့ ကျွန်မ ဖြေလိုက်ပါတယ်... ကျွန်မတို့ ကံကြုံရင် ပြန်ဆုံခွင့်ရမှာပါလို့ ကျွန်မဖြေလိုက်မိတယ်... ကျွန်မ ကို သူလည်း နားလည်ပေးနိုင်တယ်... ကျွန်မကို ကျေးဇူးတင်ပါတယ်တဲ့... ကိုယ်မင်းကို အသက်မက တစ်သက်လုံး ချစ်နေပါ့မယ်တဲ့.... ကံကြုံဖို့အတွက်လည်း ကိုယ်အချိန်တိုင်း ကြိုးစားနေပါ့မယ်တဲ့...
ဒီလိုနဲ့ပဲ ကျွန်မတို့ အပြန်လမ်းခရီးလေးကို တိတ်ဆိတ်ကြေကွဲစွာနဲ့ အတူတူ ဖြတ်ခဲ့ကြတယ်... သူ့ရဲ့ ယုယမှုလေးတွေကို ကျွန်မ တစ်သက် မမေ့နိုင်တော့ပါဘူး...ကျွန်မတို့ ပြန်ဆုံနိုင်အောင် ကြိုးစားကြမယ်ဆိုတယ့် ဆုံးဖြတ်ချက်ကိုယ်စီချခဲ့တယ်... ဒီလိုနဲ့ ရန်ကုန်ပြန်ရောက်လို့ လမ်းခွဲရတော့မယ့် အသိကိုတော့ ရင်ထဲမှာ ကျင်နေအောင် ခံစားလိုက်ရတယ်...
မခွဲခွာချင်ပေမယ့်လည်း ခွဲခွရပြီ.... ဘယ်တတ်နိုင်ပါ့မလဲရှင်...တကယ်တမ်းတော့ ကံတရားကပဲ အနိုင်ရခဲ့ပါတယ်... ဒီလိုနဲ့ ကျွန်မလည်း အိမ်အပြန်လမ်းကို နှုတ်ဆိတ်စွာနဲ့ ပြန်ခဲ့ရပါတယ်.... နောက်နေ့မှာတော့ ကျွန်မအတွက် ကံတရားက ပေးလိုက်တယ့် လက်ဆောင်တစ်ခုကို မမျှော်လင့်ဘဲ ရခဲ့ပါတယ်... ကျွန်မရဲ့ လတ်လတ်ဆတ်ဆတ် ချစ်ရတယ့် သူလေး.... မမျှော်လင့်ဘဲ သူ့မြို့ကို ပြန်တယ့် လမ်းမှာ accident ဖြစ်ပြီး ကျွန်မနဲ့ အဝေးဆုံးကို ထွက်သွားတယ်ဆိုတာ ကျွန်မသိလိုက်ရတဲ့ အချိန်မှာတော့ ကျွန်မလည်း လောကကြီးရဲ့ အပြင်ကနေ ထွက်ပြေးခဲ့မိပါတယ်... အရမ်းတွေ့ချင်လွန်းလို့ အပြင်လောကကြီးကို ထွက်ပြီး ရှာတော့လည်း ကျွန်မ သူ့ကို မတွေ့တော့ဘူး... ကျွန်မကို သူ အပြီးအပိုင် ထားသွားပြီ... သူ ကျွန်မကို တစ်သက်လုံးစာအတွက် အချစ်ရဲ့ ရင်ခုန်မှုဆိုတာ ဘာလဲဆိုတာ ပြခဲ့ပြီး ထွက်သွားပြီ... ကျွန်မ ယူကျုံးမရစွာနဲ့ သူ့အတွက် ငိုကြွေးခဲ့မိတယ်.... ပထမဆုံး ရင်ခုန်သံလေး မပီပြင်သေးခင်ပဲ သူက အပြီးတိုင် ရပ်တန့်သွားအောင် ထားသွားခဲ့တယ်... ကျွန်မအတွက်တော့ ဖော်မပြနိုင်တဲ့ ကြေကွဲမှုလေးပါ....
သူက ဂျိုကာဆိုတဲ့ နာမည်နဲ့လိုက်အောင် အရမ်းလည်း မျက်နှာပြောင်တတ်ပါတယ်... တည်တည်ကြီး နေရင်လည်း သူ့လောက် ကြောက်စရာကောင်းတာ မရှိပါဘူး... စာလည်းတော်တယ်... မိန်းမတိုင်း တပ်မက်လိုချင်တဲ့ အရည်အချင်းတွေကိုလည်း ပြည့်နှက်နေအောင် ပိုင်ဆိုင်တဲ့သူပါ... အခုတော့ သူ လောကကြီးမှာ မရှိတော့ပါဘူး... ကောင်းကင်ဘုံ တစ်နေရာကနေ ကျွန်မကို ကောင်းချီးပေးနေပါတယ်... ကျွန်မရဲ့ အနားမှာ သူ့ လိပ်ပြာလေးတွေက အခုချိန်ထိ စကားပြောပြီး အဖော်လုပ်ပေးနေပါတယ်.... ကျွန်မ ရင်ထဲမှာတော့ သူက ထာဝရ ရှိနေသေးတယ်... ဘယ်တော့မှ ပျောက်ပျက်မသွားဘူး...သေချာတာ တစ်ခုက ကျွန်မ ဘယ်ဘ၀ရောက်ရောက် သူ့ရဲ့ ပထမဆုံး အထိအတွေ့နဲ့ ရင်ခုန်စရာကောင်းခဲ့တယ့် အချိန်လေးတွေကို ကျွန်မ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်ပါဘူးရှင်.....
ကျွန်မ ဒီလို ဒီဇင်ဘာကို ရောက်တော့မယ်ဆိုတိုင်း ကျွန်မ သူ့ကို အရမ်းကို သတိရမိပါတယ်... ကျွန်မ သူနဲ့ အတူတူ ရှိချင်လိုက်တာ... အခုလည်း ကျွန်မ တစ်ယောက်တည်း သူ့ကို အတိုင်းမသိ လွမ်းဆွေးခြင်းတွေနဲ့ ရင်ထဲမှာ ကျန်နေဆဲပါ... အော်... ကျွန်မ ဘ၀ကလည်း ဆိုးလိုက်တာနော်.... လောကကြီးမှာ ကျွန်မကို ကြိုက်တယ့် ချစ်တယ့် လူဆိုလို့ သူတစ်ယောက်တည်း ရှိပါတယ်ဆိုကာမှ ဘာလို့များ ကျွန်မကို ဒီလို အပြစ်တွေ ပေးလိုက်ရတာလဲနော်... ကျွန်မသူ့ကို ပြောချင်တာ တစ်ခု ရှိတယ်... အခုချိန်ထိ သူ့ နားနဲ့ မကြားခဲ့ရတယ့် စကားလေးပါ.... ကျွန်မ ဒီစကားလေးကို ရှင့်တစ်ယောက်တည်းအတွက် ထာဝရ သိမ်းထားဆဲပါ... အဲဒါက " ရှင်ကြီး ကို ကျွန်မ အသက်မက ချစ်ပါတယ်... ပထမဆုံး ချစ်သူမို့ ရူးမတတ်ကို စွဲလမ်းမိပါတယ် ရှင်ကြီးရယ် ".....
( အခု အချိန်မှာ တစ်နေရာသို့ ရောက်နေတယ့် someone သို့ ရည်ရွယ်ထားပါတယ်.... ကျွန်မကို နားလည်နိုင်ပါစေလို့.....)
(အော်....ဒါနဲ့.....တစ်ချို့သော ကျွန်မ သူငယ်ချင်းတွေလည်း ကျွန်မကို စိတ်မဆိုးနဲ့နော်... ကျွန်မက ငယ်ကျိုးငယ်နာ ဖော်ရင် အကုန်ကို ဖော်တာပါ... ဟီး ဟီး ဟီး.... :)
အထူးသဖြင့် ဒေါသတကြီးနဲ့ မျက်ရည်သာစက်လက်ပေမယ့် မူးရင် ငိုတတ်တဲ့ ကျွန်မ အချစ်ဆုံး သူငယ်ချင်းက သဇင်ဏီ ပါရှင် .. ဟို အားရပါးရနဲ့ ၁ပေခွဲလောက်ရှိတယ့် ကုတင်ကို ၁၀ ခါလောက် ကုန်းတက်တဲ့ ကျွန်မ သူငယ်ချင်းလေးကတော့ မေအလင်္ကာပါ)
seik soe ya buuu naw chit tha yin tway naw!!! hee hee :)
Wednesday, November 28, 2007
ဂျိုကာနှင့် ကျွန်မ
Posted by
ဒီရေ (dyay)
at
4:37 AM
2
comments
Labels: ဇာတ်လမ်းတစ်ပုဒ်နှင့် ကျွန်မ
Thursday, November 22, 2007
စိတ်ကူး အိပ်မက်...
အချစ်တစ်ခု ဖြစ်တည်ဖို့အတွက် ဘာတွေလိုလဲ...
ကျွန်မ အိပ်မက်ထဲမှာ ချစ်သူတစ်ယောက် ကောက်ရလိုက်တယ်...အိပ်မက်ထဲမှာလေ ကျွန်မကို သူက အရမ်းကို ချစ်တာပဲတဲ့...တကယ်တမ်းတော့ အပြင်လောကမှာ ကျွန်မက တော်တော့်ကို ဟာသမြောက်တဲ့ အလှကို ပိုင်ဆိုင်ထားတဲ့သူဆိုတော့...
ကျွန်မအတွက်တော့ ချစ်သူတစ်ယောက်ရဖို့ဆိုတာ အလွန်တရာမှကို စွန့်စားခန်းကြီး တစ်ရပ်ပါပဲရှင်...
ဒါနဲ့ပဲ ကျွန်မဘ၀က အိပ်မက်ထဲမှာသာ ချစ်သူနဲ့ ပျော်မွေ့ခွင့်ရှိခဲ့ရပါတယ်... ကျွန်မက ချစ်သူ မရသေးပေမယ့် အချစ်ဆိုတာကိုတော့ တော်တော့်ကို နားလည်မိတယ်... ကျွန်မအတွက် အချစ်တစ်ခု ဖြစ်တည်ဖို့ အဓိက အချက်တွေကို ရင်ထဲက နတ်သားလေးက အလိုလို လမ်းညွှန်ပေးနေပါတယ်....
မနေ့ညက ကျွန်မ အိပ်မက်တစ်ခု မက်တယ်...အိပ်မက်ထဲမှာ ကျွန်မ အရမ်းကို မျှော်လင့်ခဲ့ရတယ့် ချစ်သူတစ်ယောက်က ကျွန်မကို
ယုယုယယ ကြင်ကြင်နာနာနဲ့ ဆက်ဆံတာကို ခံစားလိုက်ရတယ်...သူက ကျွန်မအပေါ်ကို အရမ်းကို လေးနက်မှုထားတယ်...
ဘယ်အရာမဆို ကျွန်မအလိုကို လိုက်တယ်...ကျွန်မက ဒါဆိုရင် သူလည်းပဲ ဒါ လိုက်တာပဲလေ...ပြီးတော့ ကျွန်မကလွဲရင် ဘယ်မိန်းကလေးကိုမှ ရှိတယ်လို့ကို မထင်ရှာဘူး.. ကျွန်မကလည်း သူ့ကို ချစ်လိုက်တာ တုန်နေတာပါပဲရှင်...
တစ်နေ့ ကျွန်မကို သူက ကျွန်မအရမ်းနှစ်သက်တဲ့ Pooh အရုပ်ကြီး တစ်ခု လက်ဆောင်ပေးတယ်လေ...ပြီးတော့ သူ့လက်ထဲမှာ လက်ဆောင်လေးတစ်ခုကို ကျစ်ကျစ်လေး ဆုပ်ကိုင်ထားတယ်... ကျွန်မကတော့ သူဘာလုပ်မလဲဆိုတာကိုသာ မျှော်လင့်တကြီးနဲ့ စောင့်စားနေမိတယ်... ရုတ်တရက် မမျှော်လင့်ဘဲ ကျွန်မကို သူက " ကိုယ့်ကို ချစ်လား" တဲ့...ကျွန်မလည်း ခေါင်းလေးကို ညင်ညင်သာသာလေး ငြိမ့်မိတယ်ရှင် (အော်...ကျွန်မရဲ့ တကယ့်ဘ၀မှာ ကျွန်မကို ချစ်လားလို့ မေးဖို့မပြောပါနဲ့.. ယောကျာ်းလေးတိုင်းက လှည့်တောင် မကြည့်ကြဘူးလေ...အော် ဘ၀ ဘ၀)
ပြီးတော့လေ သူက ကျွန်မရဲ့ နဖူးလေးကို အသာလေး နမ်းပြီး "မင်းဟာ ကိုယ့်အတွက်တော့ ဘယ်အရာနဲ့မှ အစားမထိုးနိုင်တဲ့ ချစ်သူပါတဲ့...မင်းကို ကိုယ်ပိုင်ဆိုင်ခွင့်ရချင်ပြီ" တဲ့လေ... စာဖတ်သူတို့ရယ်...ကျွန်မနေရာကနေ နေကြည့်ကြစမ်းပါ...ကျွန်မရင်တွေခုန်လိုက်တာမှ bumper ထက်တောင် မြန်နိုင်တယ်... ဒါနဲ့ ကျွန်မလည်း အသာလေး ခေါင်းညိမ့်ပြီး " ကျေးဇူးတင်ပါတယ်...ကျွန်မလည်း ရှင့်ကို အသက်မက ချစ်ပါတယ် "လို့ ပြန်ဖြေမိတယ်...ဒီလိုနဲ့ပဲ ကျွန်မတို့ နှစ်ယောက် ညနေခင်းလေးကို အတူ ကုန်ဆုံးပြီး ထိုင်နေကျ နေရာလေးကနေ လမ်းခွဲပြန်ခဲ့ကြတယ်...
တနေ့မှာတော့ ကျွန်မအတွက် အလွန်တရာမှကို ဆိုးဝါးတဲ့ ဂယက်လေးတစ်ခု ၀င်လာတယ်... ကျွန်မအရမ်းချစ်တဲ့သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့အတွက် အလုပ်ခန့်စာ ရပြီတဲ့လေ...ကျွန်မ တကယ်သူနဲ့ မခွဲချင်ဘူး...ကျွန်မ သူနဲ့ အတူတူ အချိန်တိုင်း ရှိနေချင်တယ်...ကျွန်မ သူ့ကို အရမ်းချစ်တယ်...သူ့ခမျာလည်း ဆုံးဖြတ်ရခက်နေရှာတယ်...ဒါပေမယ့် ကျွန်မလည်း သူ့ဘ၀အတွက် တက်လမ်းတစ်ခု ဖြစ်နေလို့ မတားရက်တော့ပါဘူး...
ဒီလိုနဲ့ပဲ သူ နဲ့ ကျွန်မ အနေဝေးခဲ့ရတယ်... သူက ဟိုးအရင်ကတည်းက အလုပ်လုပ်ရင် အားလံးကို မေ့ပြီး လုပ်တတ်တဲ့ အကျင့် ရှိတယ်... ကျွန်မကို အခုလည်း သူ မေ့နေရှာပြီထင်တယ်... ကျွန်မကို သူ ဖုန်းမဆက်တာ တော်တော်ကြာသွားပြီ... ကျွန်မ သူ့အသံလေးကို ကြားချင်လိုက်တာ... ကျွန်မကို သူ မချစ်တော့ဘူးလားဟင်... ဒါမှ မဟုတ် သူ အသစ်တွေ့သွားပြီလား.. ကျွန်မ စိတ်တွေ အရမ်းကို လှုပ်ရှားပြီး တုန်လှုပ်ခဲ့ရတယ်...
သူ အရမ်းရက်စက်တယ်... ကျွန်မ ဘယ်လောက်ထိ သတိရနေမယ်.. အထီးကျန်နေမယ်ဆိုတာ သူ လုံးဝ မသိခဲ့ဘူးနော်.... နေနိုင်လိုက်တာ ရှင်ရယ်... ဒီလိုနဲ့ပဲ ကျွန်မ တစ်ယောက်တည်း နေ့ရက်များစွာကို ကျော်ဖြတ်ခဲ့ရတယ်...
တစ်နေ့မှာတော့ ကျွန်မအတွက် သတင်းဆိုးတစ်ခု ရခဲ့တယ်... ကျွန်မကို မိဘတွေက တခြားသူတစ်ယောက်နဲ့ ပေးစားတော့မယ်တဲ့... ကျွန်မဘယ်လိုလုပ်ရပါ့မလဲ... ကျွန်မ အခု သူ့ကို အရမ်းလိုအပ်နေတယ်... သူကျွန်မကို ဘာလို့ မဆက်သွယ်တာလဲဟင်... ကျွန်မ မိဘတွေကို အရမ်းချစ်တော့ မလွန်ဆန်နိုင်ခဲ့ဘူး... လိမ်မာတဲ့ သမီးလေး ဖြစ်ခဲ့ရတယ်...
ဒီလိုနဲ့ ကျွန်မ...လက်ထပ်ဖို့နေ့ကို ရောက်ခဲ့ပါပြီ...ကျွန်မ လုံးဝ မခံစားနိုင်တော့ဘူး..ကိုယ့်ကိုကိုယ်လည်း ဆက်ပြီး မလိမ်ချင်တော့ဘူး..ကျွန်မ သူရှိတဲ့ နိုင်ငံခြားကို လိုက်သွားပြီး သူ့ကို ရှာမယ်လို့ ဆုံးဖြတ်လိုက်ပြီး ကျွန်မ အားလုံးကို စွန့်ပြီး ထွက်ပြေးခဲ့မိတယ်... ကျွန်မ အရမ်းမောတယ် ရှင်... ကျွန်မ နောက်မှာ အားလုံးက ပြေးလိုက်နေကြတယ်....ကျွန်မ အရမ်း ကြောက်တယ်.... ကျွန်မသူနဲ့ မခွဲချင်ဘူး...ကျွန်မ လွတ်မြောက်ချင်တယ်....ကျွန်မ အားလုံးနဲ့ အဝေးကို ပြေးမယ်.... ပြေးမယ်....
"အား".... အသံနက်ကြီးနဲ့ ကျွန်မ လန့်နိုးလာတယ်... ကျွန်မ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့....
ပြီးတော့ မျက်ရည်တွေနဲ့... ကျွန်မ ငိုနေတယ်....
ဟင်....ဒါဆို ဒါကြီးက တကယ်မဟုတ်ဘူးပေါ့နော်...ကျွန်မ အိပ်မက်မက်ပြန်ပြီပေါ့နော်.... ကျွန်မ အသည်းတွေ ကွဲတော့မယ်... ကျွန်မလေ အရူးတစ်ယောက်လို ချစ်သူကို တမ်းတနေမိတယ်... အပြင်ဘ၀အထိ ကျွန်မ ချစ်သူကို လိုက်ရှာနေမိတယ်... ကျွန်မလည်း မိန်းကလေးပဲရှင်.... အချစ်ခံချင်တာပေါ့... ကျွန်မဘ၀က အပြင်မှာ ဟာသ မြောက်တဲ့ အလှနဲ့ဆိုတော့ အလွန်တရာမှကို မျက်နှာငယ်ရပါတယ်... ကျွန်မက အသားလည်း မည်းတယ်... ရုပ်လည်းဆိုးတယ်... ၀လည်း ၀တယ်... လုံးဝကို ဆွဲဆောင်မှု မရှိဘူးလို့ အားလုံးရဲ့ ရှုတ်ချသံတွေက ရင်ထဲမှာ ပဲ့တင်ထပ်နေတယ်...
နေ့တိုင်းနေ့တိုင်း ကျွန်မ လူမသိအောင် တိတ်တိတ်လေး ငိုခဲ့ရတယ်... ကျွန်မလည်း ကျွန်မကို မြတ်မြတ်နိုးနိုးချစ်နိုင်တယ့် ကျွန်မ အိပ်မက်ထဲက ချစ်သူလို လူမျိုး တကယ်ပိုင်ဆိုင်ချင်တာပေါ့ရှင်... တကယ်ပါ... ကျွန်မကို ဘာလို့ မချစ်ကြတာလဲဟင်... ကျွန်မသိထားတယ့် အချစ်မှာ ရုပ်ပိုင်းဆိုင်ရာ ပညတ်ချက်ဆိုတာ တကယ်တော့ အပရိက ပါ... အခုတော့ အချစ်တစ်ခု ဖြစ်တည်ဖို့အတွက် လောကကြီးရဲ့ ပြောင်းလဲတတ်တဲ့ ပညတ်ချက်တွေကိုတော့ ရင်နာနာ နဲ့ပဲ လက်ခံမိပါတော့တယ်...
ကျွန်မကို အိပ်မက်ထဲကို ပြန်ပို့ပေးပါလားဟင်... ကျွန်မ လောကကြီးမှာ တကယ် မနေချင်တော့ဘူး... အိပ်မက်ထဲမှာပဲ အမြဲတမ်း နေချင်တယ်... အိပ်မက်ထဲက ကျွန်မချစ်သူကို တွေ့အောင် ပြန်ရှာချင်တယ်...
ဒါပေမယ့်.................... ကျွန်မ အခုချိန်ထိ အိပ်မက်လေးကို ပိုင်ဆိုင်ခွင့်မရတော့ပါဘူး.... နက်ရှိုင်းတဲ့ ငြိတွယ်မှုတစ်ခုတော့ ရင်ထဲမှာ အမြဲတမ်း ကျန်နေခဲ့တယ်... ဒါကတော့ ကျွန်မရဲ့ ရွှေမင်းသားလေး အိပ်မက်ချစ်သူပါ... 
(အခုလို တကူးတက ကျွန်မရဲ့ စိတ်ရူးပေါက်ရာ ခံစားချက်ကို ဝေမျှ ခံစားပေးတယ့် စာဖတ်သူများကို ကျေးဇူးတင်ပါတယ်...)
refer to: especially for someone who i loved most
Posted by
ဒီရေ (dyay)
at
7:35 AM
1 comments
Labels: Dreaming of You....
Wednesday, November 21, 2007
ကြင်နာသူနဲ့သာ ဝေးခဲ့မယ်ဆိုရင် ...
ဘ၀တစ်ခုလုံး ပျက်စီးသွားမယ်လို့ ကျွန်မထင်ခဲ့မိတယ်...
တကယ်တမ်းတော့ အချစ်ဆိုတာ...
တိမ်တိုက်လေး တစ်ခုလိုပါပဲ...
အချိန်တန်ရင်တော့ ပျံ့လွင့်သွားတတ်တာ သဘာဝပါပဲလေ...
အခုတော့ ကျွန်မ ညပေါင်းများစွာကို
အသက်မဲ့စွာ ကုန်ဆုံးရတာ များခဲ့ပါပြီ...
ဒါပေမယ့် မမြင်နိုင်တဲ့ နှောင်ကြိုးတစ်ခုရဲ့ ...
အမျှင်တန်းလေး ကျွန်မရင်ထဲမှာ ကျန်နေသေးတယ်..
ကျွန်မကို အရူးလို့ မေးငေါ့ကြပါစေ...
ကျွန်မ မကြောက်ပါဘူး...
အခုထိ
သေချာတာ တစ်ခုက ကျွန်မသူ့ကို ဘယ်တော့မှ မမေ့ပါဘူး...
Posted by
ဒီရေ (dyay)
at
5:48 AM
1 comments
Sunday, November 18, 2007
ခံစားချက်ဆိုတာ မှန်တစ်ခုသာ ဖြစ်ခဲ့ရင်....
If the feelings are like glass...
they can be covered up...
they can be changed and even destroyed,
but will be better when they are made clear...
![]()
Posted by
ဒီရေ (dyay)
at
5:25 AM
1 comments
Saturday, November 17, 2007
ချစ်တယ့် ဖေဖေ-မေမေ နဲ့ ဒီရေ့မိသားစုလေးအတွက်ပါ...
In family life.....
Love is the oil that eases friction,
the cement that binds closer together,
and the music that brings harmony.
“The love of a family is life's greatest blessing”
ဒီရေ....ဖေဖေနဲ့ မေမေ့ ကို အရမ်းလွမ်းတယ်...
Posted by
ဒီရေ (dyay)
at
1:51 AM
0
comments
အရမ်းချစ်ရတယ့် သူငယ်ချင်း ကောင်မလေး.. သဇင်ဏီ အတွက်ပါ...
ha ha ha.....just for FUNS!!!
"Though miles may lie between us, we're never far apart,
for friendship doesn't count the miles, it's measured by the hearts."
Posted by
ဒီရေ (dyay)
at
1:11 AM
0
comments
(တစ်စုံတစ်ယောက်သော သူအတွက် ရည်ရွယ်ပါသည်)
ချစ်သူရယ်...
You were always there to listen,
When my heart began to break
You never left me standing alone,
ဒါဆို မင်းဟာ ဒီရေ့ ဘ၀အတွက်တော့ ဘုရားက ပေးထားတဲ့ အဖော်မွန်ကောင်းပါ...
ချစ်သူရေ...
Slowly I fell in love with you,
I can't explain the reason why
Maybe it was your enigmatic soul,
မင်းဟာ တကယ်တော့ ခွန်အားသစ်တွေနဲ့ ဒီရေ့ ဘ၀ကို ဖြည့်ဆည်းပေးသူပါကွာ...
ချစ်သူရေ...
I look up to you, I love you so,
There may be times that we fight,
But you will always be my hero...
မင်းဟာ ဒီရေ့အတွက်တော့ ထာဝရ သူရဲကောင်းပါ...ချစ်သူရယ်!!!
Posted by
ဒီရေ (dyay)
at
12:20 AM
0
comments
MY WISH
I wish that you could hear
My softly whispered song,
To lull you into sleep
For it's here that we belong.
That you could hear me say
All you need to hear,
As I tell you of my love
Whispered soft against your ear.
Posted by
ဒီရေ (dyay)
at
12:16 AM
0
comments
Wednesday, November 14, 2007
အချစ်တစ်ခု အပေါ် ခံစားမိခြင်းများ
ဒီရေ အားလုံးကို တစ်ခု ပြောပြမယ်နော်...
အချစ်ဆိုတာ....
ပျော်ရွှင်မှုကို ဖြစ်စေတယ်ဆိုတာ မှန်လားဟင်?
yes....love can make people to laugh and happy at all times...when it is going smooth between two person!
အချစ်ဆိုတာ....
အရာအားလုံးကို ဖန်တီးနိုင်မယ့် စွမ်းအားတွေ ပေးတယ်ဆိုတာရော?
yes...sometime love can create all the things tht can't happen in normal time!!!
အချစ်ဆိုတာ...
" Love is the little heaven of refuge from the world" တဲ့...
သိပ်မှန်ပြီး...လှလိုက်တဲ့ ခံစားချက်လေးပါ...တကယ်ပါ..
ဒီရေ့ အတွက်တော့ အချစ်က ကောင်းကင်ဘုံပေါ်က ရလာတဲ့ ကွန်းခိုရာ နေရာလေးပါ...
အချစ်ဆိုတာ....
"Love is like an eternal flame,
Once it is lit, it will continue to burn for all time"
အင်း...တစ်ခါတလေတော့လည်း ဖြစ်တတ်ပါတယ်...
အချစ်ဆိုတာ....
"Love isn't blind, it just only sees what matters"
မှန်တာပေါ့...အချစ်ဆိုတာ မျက်ကန်းလိုတော့ မဟုတ်ပါဘူး...စဉ်းစားချင့်ချိန်နိုင်ပါတယ်...
အချစ်ဆိုတာ....
"Love is a moment that lasts forever...
You will know the real meaning of love when you fall in love"
ဒါတကယ့် အမှန်တရားပါ..
ဒီရေ...တကယ်ချစ်တတ်လာတော့မှပဲ အချစ်ရဲ့ လေးနက်မှုကို ခံစားတတ်လာပါတယ်...
အားလုံးလည်း အချစ်ကို အချစ်တစ်ခုလိုသာ ခံစားနိုင်ကြပါစေ....
Posted by
ဒီရေ (dyay)
at
7:51 PM
0
comments
Friday, November 9, 2007
ဒီရေ မြတ်နိုးတဲ့ လေပြင်းအတွက် အချစ်နဲ့ ပတ်သက်တဲ့ စကားလုံးလေးတွေပါ...
When you said, "I love you, "I went over the moon. My heart sang its glory, The stars sang in tune. As when with a word God brought forth light, So with those words you ended my night. So with these words you made something new: A bond of devotion between me and you. How powerful words to shape who we are! We ponder in silence; Our words cross a bar. Your words crossed a threshold & entered the past, Yet they have created A world that will last.....is "I love you"! |
Posted by
ဒီရေ (dyay)
at
12:16 AM
0
comments











