
ကျွန်မအတွက် တကယ်တမ်းတော့ နှစ်သစ်တစ်ခုဆိုတာ နှစ်ဟောင်းတစ်ခုထက်ပိုပြီး ကံကောင်းစေမယ်ဆိုတာ တကယ့်ကို ယုံကြည်ရခက်တဲ့ မမြင်ရတယ့် ဘ၀ရဲ့ အပြောင်းအလဲလေးကို ကြိုဆိုတာပါပဲလေ...
တကယ်တော့ ဒီအယူအဆလေးကလည်း မှားတယ်လို့လည်း မဆိုနိုင်ပါဘူး.... အနာဂတ်ဆိုတာ ဘာတွေ ဘယ်လို ဖြစ်နေပါစေ... အမြဲတမ်း ကံကောင်းခြင်းတွေကို ပေးတတ်တယ်ဆိုတာကိုတော့ လက်ခံကြစမြဲပါ...ကျွန်မလည်း လူတွေအားလုံးထဲက လူသား တစ်ယောက်ပဲလေ....
နှစ်သစ်တစ်ခုမှာ ကျွန်မ ရင်ထဲမှာ တိတ်တိတ်လေး လိုအပ်နေတာတွေ-လိုချင်တာတွေကို ဖြည့်စွမ်းပေးတတ်သေးတယ်လို့လည်း ကျွန်မက ယုံကြည်သေးတယ်... တကယ်တော့ နှစ်သစ်ကူးတစ်ခုဆိုတာ ကျွန်မတို့အားလုံးအတွက် တကယ့်ကို ရသင့် ရထိုက်တာတွေကို ဘုရားသခင်က ချီးမြှင့်တယ်လို့ဆိုကြတာကိုတော့ ကျွန်မယုံကြည်ပါတယ်....
ဒါပေမယ့် ဘယ်လိုပဲ အယူအဆတွေ- ယုံကြည်မှုတွေ ပြောင်းနေပါစေ... New Yearကို ယုံကြည်ကြတယ့် sense လေးကတော ကျွန်မတို့ကို မှားယွင်းမှုတစ်ခုကိုတော့ မဖြစ်စေတာ အမှန်တကယ်ပါ...
နှစ်သစ်တွေ တစ်ခုပြီး တစ်ခု ပြောင်းလို့ အခုဆို ကျွန်မ အသက် ၂၃ နှစ်တောင် ရောက်နေပါပြီ... ကျွန်မ နည်းနည်း အသက်ပိုကြီးလာပါပြီ... နည်းနည်း ရင့်ကျက်လာပါပြီ... ပြီးတော့ ကျင်လည်နေရတယ့် ဘ၀ကိုလည်း ကျွန်မ ဘယ်လို ဖြတ်သန်းရမလဲဆိုတာကို တစ်နှစ်ထက် တစ်နှစ် ပိုပြီး ပိုပြီး နားလည်လာပါတယ်... ဒါပေမယ့် ကျွန်မ မကျေနပ်တာကတော့ ကျွန်မက Perfect Wiser ဆိုတဲ့ ဘ၀ကို အခုအချိန်အထိ မပိုင်ဆိုင်နိုင်သေးတာပါပဲရှင်...
နှစ်သစ်ကူးမယ့် ညဆိုတာ အရင်က သာမန်ညလေးတွေလို သိပ်ပြီးတော့ ထူးဆန်းစွာ ကွာခြားနေတယ့် ညတော့ မဟုတ်ပါဘူး.. စကြာဝဌာတစ်ခုလုံးကလည်း လည်ပတ်စမြဲပါ... ဖြတ်သန်းရလာခဲ့တယ့် ၁၂လစာ အချိန်တွေအားလုံးလိုပဲ အသက်ရှုသံတွေ အပြည့်နဲ့ပါ... အသက်မဲ့တယ့် အချိန်လေးလည်း မဟုတ်ပါဘူး...
Every man should be born again on the first day of January. Start with a fresh page. Take up one hole more in the buckle if necessary, or let down one, according to circumstances; but on the first of January let every man gird himself once more, with his face to the front, and take no interest in the things that were and are past.
လူတိုင်းလူတိုင်းဟာ နှစ်သစ်တစ်ခုရဲ့ ပထမဆုံးနေ့မှာ အရာအားလုံးကို ပြန်လည် မွေးဖွားခွင့်ရှိပါတယ်... စာမျက်နှာတစ်ခုရဲ့ နိဒါန်းအသစ်လေး အနေနဲ့ပေါ့ရှင်... လူတိုင်းပဲ 1st January မှာ သူတို့အားလုံးရဲ့ ဘ၀ အစိတ်အပိုင်းကို သူတို့ကိုယ်တိုင် စီစဉ်နိုင်ခွင့် ရှိပါတယ်.. ရောက်လာတော့မယ့် ကံကောင်းခြင်းတွေကို မျှော်လင့်ရင်း ပြီးခဲ့တယ့် နှစ်ဟောင်းက ဖြစ်ပျက်ခဲ့တာတွေကို မေ့ပျောက်ရင်းနဲ့ပေါ့ရှင်...
စာဆိုတစ်ယောက်ကလည်း ဒီလို ဖော်ပြထားပါသေးတယ်.. ကျွန်မ သိပ်ကြိုက်တဲ့ Quote လေး တစ်ခုပါ..
""We will open the book. Its pages are blank. We are going to put words on them ourselves.
The book is called Opportunity and its first chapter is New Year's Day.""
တကယ့်ကို မှန်ပြီး လက်တွေ့ဆန်တဲ့ ဒသနလေး တစ်ခုပါ... တကယ်တော့ ကျွန်မတို့ လူသားအားလုံးက ကိုယ့်ဘ၀ရဲ့ စာမျက်နှာအားလုံးကို ကျွန်မတို့ ကိုယ်တိုင်ပဲ ရေးခဲ့တာပါ... ဒီတော့ အရာအားလုံးက ကျွန်မတို့ လူသားတိုင်းပေါ်မှာပဲ မူတည်နေပါတယ်ရှင်...
Ring out the old, ring in the new,
Ring, happy bells, across the snow:
The year is going, let him go;
Ring out the false, ring in the true.
ဒါကြောင့် ကျွန်မတို့ အားလုံး နှစ်ဟောင်းက အညစ်ကြေးတွေကို စွန့်ဖယ်ကြရင်း နှစ်သစ်မှာ ပျော်စရာကောင်းတယ့် ကံကောင်းခြင်းတွေကို လက်ကမ်းကြိုကြရအောင်နော်...
ဒါပေမယ့် Many people look forward to the New Year for a new start on old habits... ဒီလိုလေးတော့ မလုပ်နဲ့ပေါ့ရှင်...
ကျွန်မလည်း အခုလာတော့မယ့်  နှစ်သစ်ကူးညလေးကို ရင်ခုန်စွာနဲ့ စောင့်စားနေပါတယ်... ကျွန်မက တကယ်တော့ နှစ်သစ်ကူးမှာ ရလာမယ့် ကံကောင်းခြင်း လက်ဆောင်လေးတွေကို ယုံကြည်စွာနဲ့ ခုံမင်တတ်သူ တစ်ယောက်ပါရှင်...
ဘာပဲ ဖြစ်ဖြစ်...ဘယ်လိုပဲ ဖြစ်ဖြစ်... ကျွန်မတို့ အားလုံး အတူတူ အခု ရောက်လာတော့မယ် နှစ်သစ် New Year 2008 လေးကို ပျော်ရွှင်စွာ ကြိုဆိုကြရအောင်နော်...
ချစ်တယ့် သူငယ်ချင်းအားလုံးကိုလည်း ဒီနေရာကနေ ဆုတောင်းပေးပါတယ်...
" နှစ်သစ် အခါသမယမှာ ကံကောင်းခြင်းများစွာနဲ့ လေးနက်တယ့် ဘ၀တစ်ခုကို ခြေအစုံချပြီး ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ပါစေလို့... နှစ်သစ်တစ်ခုရဲ့ စာမျက်နှာတိုင်းကိုလည်း ကိုယ်ကိုယ်တိုင် ကျေနပ်စွာ ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်... အားလုံး ပျော်ရွှင်ပါစေ..."
Sunday, December 23, 2007
My New Year Confess Words !!!
Posted by
ဒီရေ (dyay)
at
8:49 AM
1 comments
Labels: May all your troubles last as long as your New Year's resolutions... Hee hee
MERRY CHRISTMAS TO YOU ALL!!!

Holly on your doors,
Lights on your trees,
Candles in your windows
and Christmas in your Beautiful Hearts!!!
"May your Hearts and Home will be filled with Holiday Joy!!! "
Posted by
ဒီရေ (dyay)
at
7:50 AM
0
comments
Sunday, December 9, 2007
for my dearest sweetheart

A hundred words would not be enough
and a thounsand roses.....
would be too less to express.....
how special you are to me.......
Lay pyinn, i love you from the bottom of my heart....
I am so gald that I found you!
I love being in love with you, honey!!!
Posted by
ဒီရေ (dyay)
at
11:57 PM
0
comments
Labels: sweet december present
chatting လေးများ သတိထားပါ...
ကျွန်မ ဒီနေ့ အတော့်ကို အားယားပြီး ပျင်းနေပါတယ်....
ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ကျွန်မ QQ chat room ထဲကို အမှတ်တမဲ့ ၀င်လိုက်မိပါတယ်....
ထုံးစံအတိုင်း Qစရာ ကောင်လေးချောချောလေးများ ရှိလေမလားဆိုပြီး... လိုက်လံ ရှာဖွေမိပါတော့တယ်..
ဒီလိုနဲ့ king of the honey ဆိုတဲ့ nick လေးနဲ့ ကောင်လေးလို့ ထင်ရတယ့် ကျွန်မ buddy လေးကို ကျွန်မကပဲ အရင် စပြီး မိတ်ဆက်ခဲ့ပါတယ်...
ဒီလိုနဲ့ပဲ နေကောင်းလား၊ မင်းနာမည် ဘယ်လိုခေါ်လဲတို့၊ ASL တို့ ကို မေးပါတော့တယ်...
အဲဒီမှာ သူက USA က လို့ ပြောပါတယ်... ပြီးတော့ အဲဒီက native ပါတဲ့... စကားပြောလို့တော့ ကောင်းပါတယ်....
ဒီလိုနဲ့ သူငယ်ချင်း ဖြစ်သွားပြီနော်တို့ ဘာညာတို့ပေါ့နော်... Q ရင်း နဲ့ ကျွန်မတို့ တစ်ဆင့်တက်လာပါတယ်...
ဒီလိုနဲ့ပဲ သူက စပြီး Shall we start Videochat တဲ့လေ
ဒီရေလည်း ဘာလုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားလိုက်ရတာ...တော်ကြာ ကိုယ်တော်ချောက ရူပါက ချူချာပြီး အသားတော်က မီးသွေးနဲ့ တစ်ထပ်တည်းဆို ဘယ်လို လုပ်ရမလဲ...
ဒီလိုနဲ့ အကြံတစ်ခု ရပြီး ကျွန်မကို ဓာတ်ပုံ အရင်ပြလို့ ပြောလိုက်တယ်.... ဓာတ်ပုံကြည့်ပြီးမှ ချောရင် ဆက် Q မှာပေါ့ကွယ်...
ဒီလိုနဲ့ ကျွန်မလည်း သူ့ဓာတ်ပုံကို ရင်ခုန်စွာနဲ့ စောင့်စားနေမိတယ်.... ဒိန်း တပ် တပ် ဒိန်း တပ် တပ်ပေါ့....ဒန် တန့် တန်...
အခုတော့ တက်လာပါပြီ... ကျွန်မ ကံမကောင်းဘူးရှင်....
ကျွန်မ အရမ်းကို ကြောက်သွားတယ်... shock ဖြစ်သွားတယ်..... တကယ်ပါ... အဟင့်
သူကလေ.... မျက်လုံးကလည်း ပြူးသေး၊ သွားကလည်း ခေါတယ်၊ အသားကတော့ ညိုတယ်၊ အရပ်က ပုတယ်ရှင့်
စဉ်းစားကြည့်ပါနော်... ဒီရေက ပျော်ချင်လို့ Q တာလေ... ဒီရေက ချောရင် ကြိုက်ဘူးရယ်၊
ဂျပုတွေလည်း စိတ်မ၀င်စားဘူး.... ရယ်
အဟီး.... ဟီး ... ဟီး
ဒီလိုနဲ့ သူ့ကို တစ်ပတ်ရိုက်ပြီး excuse လုပ်ထွက်ခဲ့ရပါတယ်...
တော်ပါပြီရှင်... ဒီရေ ပျင်းလို့ သေချင်ရင်တောင် QQ ကိုသွားတော့ဘူးနော်...
မှတ်ချက်။ ။ သူငယ်ချင်းများ အားလုံးလည်း chat partner ရှာရင် သတိထားကြပါနော်... အလိမ်ခံထိမယ်...
ဒီရေတော့ မှတ်သွားပြီ...ဟီး ဟီး :)
Posted by
ဒီရေ (dyay)
at
11:13 PM
3
comments
Labels: အမှတ်တမဲ့မှ အမှတ်တယသို့
တသက်တာ စုဆောင်းမှုကို တပ်မက်မိလေသူ
တနေ့မှာတော့...ဟိုတယ်တစ်ခုရဲ့ မင်္ဂလာဆောင် ခမ်းမထဲမှာ အသက် (၈၅) နှစ်ကျော် အဖိုးကြီး တစ်ယောက်နဲ့ အသက် (၂၂) နှစ်သာ ရှိသေးတဲ့ သတို့သမီးလေးရဲ့ လက်ထပ်ပွဲလေး ကျင်းပနေပါတယ်...
သတို့သမီးလေးက သွက်လက် ချက်ချာပြီး ကျန်းမာသန်စွမ်းနေတယ့် ပုံနဲ့ပါ.... သတို့သားကြီးကိုတော့ အားလုံးက နောက်နေ့တွေမှာ တွေ့မှ တွေ့နိုင်ပါ့မလား ဆိုတဲ့ အတွေးလေးတွေနဲ့ ကြည့်နေပါတယ်...
ဒီလိုနဲ့ လက်ထပ်ပွဲလေးပြီးသွားလို့ နောက်တစ်နေ့ရဲ့ မနက်ကို ရောက်လာပါတော့တယ်...အဲဒီမှာ အဖိုးကြီးက ကျန်းမာ သွက်လက်စွာနဲ့ ဆင်းလာပြီး ၂၂နှစ်သာ ရှိသေးတဲ့ သတို့ သမီးခမျာမှာတော့ ညှိုးနွမ်းတဲ့ မျက်နှာရယ်...ဟိုတယ်ရဲ့ reception counter ကို မနည်းကို အားမွေးကြီး ဆင်းလာနေရတယ့် သဘောမှာ ရှိနေတယ်...
အဲဒီမှာပဲ ကောင်တာလည်းရောက်ရော....၀န်ထမ်းတစ်ယောက်က စိတ်ပေါက်ပေါက်နဲ့ မေးလိုက်ပုံက " ညီမ...ဘာအကူအညီလိုပါသလဲ...ညီမကြည့်ရတာ နုံးချိပြီး အားကုန်နေပုံပါလားကွယ်...တစ်ခုခုများ အဆင်မပြေလို့လား" မေးသည့်အခါတွင်တော့.... အမျိုးသမီးငယ်က ပြန်ဖြေလိုက်ပုံများ " ကျွန်မက သူမှာ တစ်သက်တာ အတွက် အနှစ် (၆၀)ကျော် စုဆောင်းထားတာ အပြည့်ပဲဆိုတာကို... တကယ်တမ်းတော့ ပိုက်ဆံတွေထင်လို့ ရှင့်.... အခုတော့ .....အဟီး ဟီး ဟီး " ဆိုပြီး ငိုရှာပါတော့တယ်ကွယ်....
မှတ်ချက်။ ။ ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါလို့... အကြိုက်ဆုံး ဟာသ တစ်ခုကို ဘာသာပြန်ထားတာပါ...
Posted by
ဒီရေ (dyay)
at
10:54 PM
1 comments
Labels: ခဲလေသမျှ .... သဲရေပွပြီ

