CLICK HERE FOR THOUSANDS OF FREE BLOGGER TEMPLATES »

Sunday, December 9, 2007

chatting လေးများ သတိထားပါ...

ကျွန်မ ဒီနေ့ အတော့်ကို အားယားပြီး ပျင်းနေပါတယ်....

ဘာလုပ်ရင် ကောင်းမလဲဆိုပြီး ကျွန်မ QQ chat room ထဲကို အမှတ်တမဲ့ ၀င်လိုက်မိပါတယ်....

ထုံးစံအတိုင်း Qစရာ ကောင်လေးချောချောလေးများ ရှိလေမလားဆိုပြီး... လိုက်လံ ရှာဖွေမိပါတော့တယ်..

ဒီလိုနဲ့ king of the honey ဆိုတဲ့ nick လေးနဲ့ ကောင်လေးလို့ ထင်ရတယ့် ကျွန်မ buddy လေးကို ကျွန်မကပဲ အရင် စပြီး မိတ်ဆက်ခဲ့ပါတယ်...

ဒီလိုနဲ့ပဲ နေကောင်းလား၊ မင်းနာမည် ဘယ်လိုခေါ်လဲတို့၊ ASL တို့ ကို မေးပါတော့တယ်...

အဲဒီမှာ သူက USA က လို့ ပြောပါတယ်... ပြီးတော့ အဲဒီက native ပါတဲ့... စကားပြောလို့တော့ ကောင်းပါတယ်....

ဒီလိုနဲ့ သူငယ်ချင်း ဖြစ်သွားပြီနော်တို့ ဘာညာတို့ပေါ့နော်... Q ရင်း နဲ့ ကျွန်မတို့ တစ်ဆင့်တက်လာပါတယ်...

ဒီလိုနဲ့ပဲ သူက စပြီး Shall we start Videochat တဲ့လေ

ဒီရေလည်း ဘာလုပ်ရင် ကောင်းမလဲဆိုပြီး စဉ်းစားလိုက်ရတာ...တော်ကြာ ကိုယ်တော်ချောက ရူပါက ချူချာပြီး အသားတော်က မီးသွေးနဲ့ တစ်ထပ်တည်းဆို ဘယ်လို လုပ်ရမလဲ...

ဒီလိုနဲ့ အကြံတစ်ခု ရပြီး ကျွန်မကို ဓာတ်ပုံ အရင်ပြလို့ ပြောလိုက်တယ်.... ဓာတ်ပုံကြည့်ပြီးမှ ချောရင် ဆက် Q မှာပေါ့ကွယ်...

ဒီလိုနဲ့ ကျွန်မလည်း သူ့ဓာတ်ပုံကို ရင်ခုန်စွာနဲ့ စောင့်စားနေမိတယ်.... ဒိန်း တပ် တပ် ဒိန်း တပ် တပ်ပေါ့....ဒန် တန့် တန်...
အခုတော့ တက်လာပါပြီ... ကျွန်မ ကံမကောင်းဘူးရှင်....

ကျွန်မ အရမ်းကို ကြောက်သွားတယ်... shock ဖြစ်သွားတယ်..... တကယ်ပါ... အဟင့်

သူကလေ.... မျက်လုံးကလည်း ပြူးသေး၊ သွားကလည်း ခေါတယ်၊ အသားကတော့ ညိုတယ်၊ အရပ်က ပုတယ်ရှင့်

စဉ်းစားကြည့်ပါနော်... ဒီရေက ပျော်ချင်လို့ Q တာလေ... ဒီရေက ချောရင် ကြိုက်ဘူးရယ်၊

ဂျပုတွေလည်း စိတ်မ၀င်စားဘူး.... ရယ် အဟီး.... ဟီး ... ဟီး
ဒီလိုနဲ့ သူ့ကို တစ်ပတ်ရိုက်ပြီး excuse လုပ်ထွက်ခဲ့ရပါတယ်...

တော်ပါပြီရှင်... ဒီရေ ပျင်းလို့ သေချင်ရင်တောင် QQ ကိုသွားတော့ဘူးနော်...

မှတ်ချက်။ ။ သူငယ်ချင်းများ အားလုံးလည်း chat partner ရှာရင် သတိထားကြပါနော်... အလိမ်ခံထိမယ်...
ဒီရေတော့ မှတ်သွားပြီ...ဟီး ဟီး :)

3 comments:

သဇင်ဏီ said...

ချစ်ရယ်..
ပုတော့နုတယ်...ပြူးတော့ချစ်ဖို့ကောင်းတယ်.. ခေါတော့ အုန်းခြစ်လုပ်လို့ရတယ်..အသားမဲမဲ ပတ္တမြားခဲဆို...စုံမှိတ်ပြီးချစ်ကြည့်ပါလားဟင်...
ဟီး..ဟီး...နောက်တာ
ရီရတယ်ကွာ

Gu Gu said...

ကိုယ့်ရဲ့ ဓါတ်ပုံ အမှန်ကို ပြတာ.. တစ်ခြား တစ်ယောက်ယောက် ရဲ့ ဓါတ်ပုံကို လိမ်ပြတာထက် စာရင်တော့ တော်ပါသေးတယ်... :)

စန္ဒကူး said...

အဲလိုရုပ်ဆိုးတာမှတော်အုံးမယ်...
ကိုယ်ကလူကောင်းထင်ပြီးစကားတွေအကြားကြီးပြော
ပြီးမှ.. cam ဖွင့်တာနဲ့ မဟုတ်တာကိုစပြဖို့ကြိုးစားနေလို့
နောက်ဆို online မှာ အပြင်ကမသိတဲ့သူဆို စကားမပြောတော့ဘူး..
သင်ခန်းစာ...ဆိုးတယ်နော်