CLICK HERE FOR THOUSANDS OF FREE BLOGGER TEMPLATES »

Sunday, December 9, 2007

တသက်တာ စုဆောင်းမှုကို တပ်မက်မိလေသူ

တနေ့မှာတော့...ဟိုတယ်တစ်ခုရဲ့ မင်္ဂလာဆောင် ခမ်းမထဲမှာ အသက် (၈၅) နှစ်ကျော် အဖိုးကြီး တစ်ယောက်နဲ့ အသက် (၂၂) နှစ်သာ ရှိသေးတဲ့ သတို့သမီးလေးရဲ့ လက်ထပ်ပွဲလေး ကျင်းပနေပါတယ်...

သတို့သမီးလေးက သွက်လက် ချက်ချာပြီး ကျန်းမာသန်စွမ်းနေတယ့် ပုံနဲ့ပါ.... သတို့သားကြီးကိုတော့ အားလုံးက နောက်နေ့တွေမှာ တွေ့မှ တွေ့နိုင်ပါ့မလား ဆိုတဲ့ အတွေးလေးတွေနဲ့ ကြည့်နေပါတယ်...

ဒီလိုနဲ့ လက်ထပ်ပွဲလေးပြီးသွားလို့ နောက်တစ်နေ့ရဲ့ မနက်ကို ရောက်လာပါတော့တယ်...အဲဒီမှာ အဖိုးကြီးက ကျန်းမာ သွက်လက်စွာနဲ့ ဆင်းလာပြီး ၂၂နှစ်သာ ရှိသေးတဲ့ သတို့ သမီးခမျာမှာတော့ ညှိုးနွမ်းတဲ့ မျက်နှာရယ်...ဟိုတယ်ရဲ့ reception counter ကို မနည်းကို အားမွေးကြီး ဆင်းလာနေရတယ့် သဘောမှာ ရှိနေတယ်...

အဲဒီမှာပဲ ကောင်တာလည်းရောက်ရော....၀န်ထမ်းတစ်ယောက်က စိတ်ပေါက်ပေါက်နဲ့ မေးလိုက်ပုံက " ညီမ...ဘာအကူအညီလိုပါသလဲ...ညီမကြည့်ရတာ နုံးချိပြီး အားကုန်နေပုံပါလားကွယ်...တစ်ခုခုများ အဆင်မပြေလို့လား" မေးသည့်အခါတွင်တော့.... အမျိုးသမီးငယ်က ပြန်ဖြေလိုက်ပုံများ " ကျွန်မက သူမှာ တစ်သက်တာ အတွက် အနှစ် (၆၀)ကျော် စုဆောင်းထားတာ အပြည့်ပဲဆိုတာကို... တကယ်တမ်းတော့ ပိုက်ဆံတွေထင်လို့ ရှင့်.... အခုတော့ .....အဟီး ဟီး ဟီး " ဆိုပြီး ငိုရှာပါတော့တယ်ကွယ်....


မှတ်ချက်။ ။ ရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါလို့... အကြိုက်ဆုံး ဟာသ တစ်ခုကို ဘာသာပြန်ထားတာပါ...

1 comments:

သဇင်ဏီ said...

အဲဒါဘာတွေလဲဟင်...မီးမီးမသိသေးလို့
အသေးစိတ်ရှင်းပြေစေချင်ပါတယ်..
ဟီး..ဟီး