CLICK HERE FOR THOUSANDS OF FREE BLOGGER TEMPLATES »

Sunday, February 17, 2008

အကြွင်းမဲ့ ခံစားမှု ရင်ဖွင့်ချက်

သြော်... ကျွန်မ blog မှာ posts တွေ မတင်ဖြစ်တာ အတော့်ကို ကြာနေပါပြီ... ကျွန်မ ကို ခွင့်လွှတ်ကြပါ... အားပေးတဲ့ ချစ်သူငယ်ချင်းတွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်.. ဒါပေမယ့် ကျွန်မ အချိန်တိုင်း update မလုပ်နိုင်တာကိုတော့ ခွင့်လွှတ်ပေးစေလိုပါတယ်...

ကျွန်မ ဒီ blog လေးကို စတင် လုပ်ခဲ့စဉ်က ကျွန်မ ဘ၀၊ အခြေအနေက အတော့်ကို အသားကျနေပြီ...လှုပ်ရှားနေရရင်းနဲ့ကို ကျွန်မ ဒီ blog လေးကို create လုပ်ဖြစ်ခဲ့တာပါ... အခုတော့ ကျွန်မ ဝေဒနာတွေကို ရင်မှာပိုက်ပြီး... လောကဒဏ်ရဲ့ ပြင်းထန်တဲ့ ရိုက်ချက် အပြင်းစားကို ကျွန်မ မရှုမလှကို ခံစားနေရပြီ...

ကျွန်မ လူ့ လောကကြီးနဲ့ အဝေးဆုံး တစ်နေရာကို ထွက်ခွာ သွားချင်တယ်...ကျွန်မ ဘာတွေကို လုပ်ရမလဲ...အဆင်ပြေချင်တယ်...ကျွန်မ အိပ်မက်တွေ လက်တွေ့နဲ့ တစ်ထပ်တည်း ကျချင်တယ်... ကျွန်မ ငိုကြွေးမှုတွေကို မလိုလားဘူး... ကျွန်မ ဆိုးဝါးတဲ့ လေလွင့်မှုကိုလည်း မပိုင်ဆိုင်ချင်ဘူး....ဒါပေမယ့် ရှင်... အခုတော့ ကျွန်မ တကယ့်ကို အဆင်မပြေမှုတွေကို လက်ဝယ်ပိုက်နေရပြီရှင်...

ကျွန်မ မိသားစုအတွက် ကျွန်မ မာန၊ အရှက်၊ ဖြစ်ချင်တာတွေကို အောင့်အီးနေရတယ်ရှင်... ကျွန်မ တကယ့်ကို ရုန်းထွက်ချင်ပြီ... တကယ်ပါ... ကျွန်မကို ကူညီပါအုံး... ကျွန်မလေ အခု အလုပ်ရှာတယ်... အဆင်မပြေဘူး... ကျောင်းစာလုပ်တယ်... စိတ်လေနေတယ်..စာတွေ မမှတ်မိဘူး... အိမ်မှာနေတယ်... လူတွေကို စိတ်နဲ့ မတွေ့ဘူး... ကျွန်မ မိဘအတွက် တစ်ခုခု လုပ်ပေးချင်တယ်... ဖြစ်မလာဘူးကွာ...

ကျွန်မ တကယ့်ကို ငိုချင်တယ်ကွာ... ဒါတွေ အားလုံးက ရုန်းထွက်ချင်ပြီ... ကျွန်မ လောကကြီးနဲ့ အဝေးဆုံးကို ထွက်ပြေးချင်တယ်... ကျွန်မ ခွန်အားရှိသလောက် အားလုံးကို တွန်းလှန် ချေဖျက်ချင်တယ်... ကျွန်မ ဘာလုပ်ရမလဲ... ကျွန်မကို လမ်းညွှန်ပါနော်...

ကျွန်မ လောကရဲ့ စည်းစိမ်၊ လောကရဲ့ ရသ၊ လောကရဲ့ တရားမျှတမှုတွေကို ကျွန်မ သိနေပါပြီ... ကျွန်မ အတော်လေးကို ရင့်ကျက်သင့်နေပါပြီ ရှင်.... ဒါပေမယ့် ဆိုးတာက ကျွန်မ အဲဒီ့ အထိ မရောက်နိုင်သေးတဲ့ ကျွန်မရဲ့ ဘ၀ကို ကျွန်မ အတော်စိတ်ပျက်နေပြီ...ကျွန်မ ဘာလုပ်ရမလဲ....ဘာလုပ်ရမလဲရှင်.....

0 comments: